Member ၀င်ရန်.............

Monday, May 28, 2012

ငါ့ဆန္ဒ

မလှပတဲ့ဘ၀မှာ မင်းကကိန်းဂဏာန်းတွေပေါ့
ငါ့ဘ၀က သုညကသုညပဲ...ဒါပေမဲ့
ကိန်းဂဏာန်းတွေနောက်ရောက်ရင်တော့
သုညဆိုတာ မင်းသားတစ်ပါးပါ
ကိန်းဂဏာန်းတွေကြားက
မင်းဘ၀ကိုဆွဲမထုတ်ချင်ပါဘူး
ဘာမှမရှိတဲ့ငါ့ဘ၀ထဲ
မင်းသုညဖြစ်မှာကိုမလိုလားပါဘူး
ကံကြမ္မာကမျက်နှာပေးအုန်းတော့
မင်းတစ်ခုမှတ်ထားလိုက်
ငါဆိုတဲ့ကောင်က
ကိုယ်ပိုင်အလင်းမရှိရင်
လမင်းဆိုတာတောင်အထင်မကြီးဘူး
ဘာဖြစ်ချင်လဲမမေးနဲ့
အမှန်အတိုင်းပြောရရင်
လကမ္ဘာပေါ်မှာမင်းနဲ့အတူ
အိမ်တစ်လုံးဆောက်လို့
ကမ္ဘာမြေကြီးပေါ်က
ဘာမဟုတ်တဲ့လူတွေကိုကြည့်ပြီး
ဟားတိုက်ရယ်မောပြစ်လိုက်ချင်တာ
ငါ့ဆန္ဒပဲ...ချစ်သူ

Reactions:

0 comments:

Post a Comment