Member ၀င်ရန်.............

Sunday, June 17, 2012

ဝန်ခံခြင်း

မတွေ့ခဲ့ရင် သိပ်ကောင်းမှာပဲကွာ

အခုတော့ရင်မောစရာ ဖြစ်ကုန်ပြီထင်ပါရဲ့

မနီးစပ်နိုင်တဲ့လမင်းကိုမှ

ငေးမောတမ်းတနေတဲ့

ကလေးငယ်အဖြစ်နဲ့တူနေပါရောကွယ်...

မဖြစ်နိုင်လောက်တော့ဘူးလို့ 

ဦးနှောက်က လက်ခံပေမဲ့

နှလုံးသားကတော့တမ်းတနေမိတယ်...

ရယူလက်ခံခွင့် မရှိလောက်တော့တဲ့ 

ငါ့အတွက် ငေးမောစိတ်ဖြေခွင့်တော့ရှိသင့်တာပေါ့နော်...

မေ့ခြင်းတရားဆိုတာ

ဖန်တီးယူလို့ ရတာမှ မဟုတ်တာပဲ

ဘယ်တော့မှလည်းမမေ့ဘူး

ချစ်တယ်လို့ပဲ ထပ်ပြီးသန်ခံနေချင်တယ်...

    (ဇော်မျိုးဦး)

Reactions:

0 comments:

Post a Comment