Member ၀င်ရန်.............

Sunday, June 17, 2012

အချစ်

အချစ်ဟာ ပူလောင်တယ်ဆိုတာ လူတိုင်းသိကြတယ်။ဒါပေမဲ့ အဲဒီပူလောင်မှုကို ကျေကျေနပ်နပ်နဲ့ ခံယူတတ်ကြတယ်။ဘ၀မှာအပူတွေ အများကြီးပဲ။အဲဒီအပူတွေကိုလူတိုင်းမုန်းတီးကြတယ်။မေတ္တာဟာ 
အေးမြတယ် ဆိုတာကိုလည်းလူတိုင်းသိထားပြီးသားပါ။ဒါပေမဲ့ 
အဲဒီအေးမြမှုကို လူတိုင်းလက်မခံနိုင်ကြဘူး။ဘာဖြစ်လို့လဲ...
ဟုတ်တယ် မေတ္တာဟာ လိုတာထက်ကို အေးမြပြီး အေးစက်စက်နိုင်လွန်းတယ်။ဘယ်သူမှ
ကြည်ကြည်ဖြူဖြူနဲ့ လက်မခံနိုင်ကြဘူးလေ။လောကမှာ ကိုယ်ချစ်ကို
ရှာမလား၊သူချစ်ကို ရှာမလား။ကိုကချည်းချစ်နေလို့ ရော ဘာတွေထူးလာမှာလဲ သူကချည်းချစ်နေပြန်တော့ရော ဘာတွေထူးလာမှာလဲ။သူချစ် ကိုယ်ချစ်ကို ရနိုင်ရင်တော့ ကောင်းတာပေါ့နော်။တကယ်တမ်းဆိုရင် သူချစ်ကို ရှာဖို့ဆိုတာ ဒီတစ်သက်မှာ ဖြစ်နိုင်ပါ့မလား။အဲဒီတော့ အချစ်ဟာ နားလည်ဖို့ခက်နေပြန်ရော။အချစ်ကို အဓိပ္ပါယ်မဖွင့်တတ်တာအကောင်းဆုံးပါပဲ။ချစ်စရာတွေ့ရင် ချစ်ပစ်လိုက်
မုန်းစရာတွေ့ရင်လဲ မုန်းပြစ်လိုက်နိုင်တာ အကောင်းဆုံးပါပဲ။
         (ဇော်မျိုးဦး)

Reactions:

0 comments:

Post a Comment