Member ၀င်ရန်.............

Friday, September 21, 2012

Google Play က Android app တွေကိုကွန်ပျူတာထဲဘယ်လို download လုပ်မလဲ

ဒီနည်းလမ်းကိုအသုံးပြုဖို့အတွက် ကွန်ပျတာထဲမှာ ဆော့ဝဲနှစ်မျိုးလိုပါမယ်။ Real Apk Leecher ဆိုတဲ့ဆော့ဝဲလေးနဲ့ Proxy ကျော်တဲ့ Ultrasurf ဆိုတဲ့ ဆော့ဝဲနှစ်ခုဖြစ်ပါတယ်။ နောက်ပြီး ဖုန်းထဲမှာ မိမိရဲ့ Gmail User name နဲ့ password ကို Sync လုပ်ထားဖို့လိုပါလိမ့်မယ်။ လိုအပ်တဲ့ဆော့ဝဲတွေကိုအောက်က link ကနေရယူလိုက်ပါ။
Device ID for Android အားရယူရန် (via 1mobile)
Real Apk Leecher for PC အားရယူရန်
Device ID ဆော့ဝဲလေးကို ဖုန်းထဲမှာသွင်းပြီးဖွင့်လိုက်ပါ။ ကိုယ့်ဖုန်းရဲ့Device ID ကို အဲဒီဆော့ဝဲထဲမှာပေါ်လာပါလိမ့်မယ်။ အဲဒီ id ကိုခဏမှတ်ထားပါ။


ပြီးရင် UltraSulf ဆော့ဝဲနဲ့ အင်တာနက်လိုင်းကို proxy အရင်ကျော်ထားပါ။ ပြီးရင် real apk leecher ဆော့ဝဲကိုဖွင့်လိုက်ပါ။ email ရယ် password ထည့်ဖို့နေရာရယ် device id ထည့်ဖို့နေရာရယ်ပေါ်လာပါလိမ့်မယ်။ ဖုန်းထဲမှာ sync လုပ်ထားတဲ့ gmail address နဲ့ password ရယ် ၊ ခုနက မှတ်ထားတဲ့ device id ကိုထည့်ပေးပါ။


ကဲ.. အခုဆိုရင် Google Play က app တစ်ခုခုရဲ့နာမည်ကို Real Apk Leecher ဆော့ဝဲထဲမှာထည့်ရိုက်ပြီး ရှာကြည့်နိုင် download လုပ်နိုင်ပြီဖြစ်ပါတယ်။

Reactions:

0 comments:

Post a Comment