Member ၀င်ရန်.............

Thursday, January 31, 2013

ကျိန်စာ

သူ့နှုတ်ခမ်းက အနမ်းတစ်ခါ 
ပန်းတစ်ရာ ကို ပွင့်စေလဲ
သူ့စကားက မုသာလိမ်းကျံ
ပန်းစိမ်းကိုမှ ပန်ခဲ့တယ်
အနားမှာရှိပြီး အကြည့်တွေမှာခိုလှုံသူရေ
ရင်မှာတစ်ခဏနှင့်
အစဉ်ထာဝရ ဖြစ်စေခဲ့သူရယ်
ရက်ရှည်နွမ်းမဲ့ မျက်ရည်ခန်းကို
ဘယ်သူကလွမ်းချင်မှာလဲ
သေကွဲကွဲ သူတို့ရဲ့ မျက်ရည်က
ပထ၀ီမြေမှာစွန်းခဲ့သလို
ရှင်ကွဲကွဲသူတို့ ရဲ့ ကျိန်စာကိုလည်း
အချိန်ခါရောက်မှ 
ဖတ်ရလိမ့်မယ်........
                                          လွမ်းအောင်ချစ်(ခ)ဇော်မျိုးဦး

Reactions:

0 comments:

Post a Comment