Member ၀င်ရန်.............

Thursday, July 11, 2013

ရင်ခုန်သံမတူသူတွေ ဘေးဖယ်

ငါဟာနေမှား ပွင့်ခဲ့တဲ့ပန်း
ဘယ်သူမှ စိတ်ကူးနဲ့တောင် မနမ်းချင်ကြဘူး..
တစ်ခါတစ်လေ
ဆာလောင်မှုတွေနဲ့မိတ်ဖွဲ့
ချစ်ခြင်းတရားဆိုတာ ငါ့အတွက်
သစ္စာဆိုတာထက်တောင်ရှားတယ်
အဆိပ်တစ်ခွက်မဟုတ်ပါဘူး
ကိုယ့်အတိတ်ကို ကိုယ် ပြန်ရုတ်သိမ်းဖို့
မသိမသာလေးတိတ်ဆိတ် နေခဲ့သူပါ
လောကဒဏ်တွေရဲ့
လက်ကြီးလက်ငယ်တွေကြား
အရသာတွေခါးသွားခဲ့တယ်ဆိုရင်
ငါကိုယ်တိုင်ပဲမော့ သောက်ပြစ်လိုက်ချင်ပါရဲ့
နေပါစေလေ
ငါ့လက်တွေလေဟာနယ်မှာပဲ ကျက်စား
လက်တွဲဖော်ဆိုတာတွေကို
နှလုံးသားထဲထည့်ထားလို့ မရမဲ့အတူတူ
ငါ့ ၀ိညာဉ် ငါကိုယ်တိုင်ပြန်ထူမယ်
ရင်ခုန်သံမတူသူတွေအားလုံးဘေးဖယ်

                                                                  လွမ်းအောင်ချစ်  

Reactions:

1 comments:

  1. မှတ်ချက်တွေ မဖတ်ရတာ ကြာနေပီဗျာ။မှတ်ချက်လေးတွေ စောင့်မျှော်နေပါတယ် ဂျာ.....မန်ဘာဝင်ပီးအားပေးကြပါနော်.....

    ReplyDelete