Member ၀င်ရန်.............

Friday, July 12, 2013

ဒဏ်ရာမကျက်နိုင်တဲ့နှလုံးသား

ချစ်သူရည်းစားဖြစ်ခဲ့ပေမဲ့
မင်းကအရေးမစိုက် မလှည့်ကြည့်ခဲ့သူမို့
ရင်မှာအလွမ်းဒဏ်ရာတွေနဲ့
ထွေးပိုက်ရင်းကျန်ရစ်နေခဲ့သူပါ......
အမြတ်တစ်နိုးချစ်ခဲ့ပေမဲ့
ဘာမှမဆိုင်တဲ့သ၀န်တိုမှု
မင်းအကြည့်ကြောင့်
ဒို့နှစ်ယောက် ရေမြေကမ္ဘာခြားနေသလို
ခံစားနေရတဲ့ နှလုံးသားဒဏ်ရာဟာ
ဘယ်လောက်ထိနာကျင်နေတယ်ဆိုတာ
မင်းဘယ်လိုသိနိုင်မှာလဲ ချစ်သူ.....
ကိုယ်တိုင်ခံစားဘူးမှ 
ကိုယ်တိုင်သိမယ်ဆိုတဲ့စကားပမာဟာ
မင်းအတွက်သက်သေပါပဲချစ်သူ.....
 
 

Reactions:

0 comments:

Post a Comment