Member ၀င်ရန်.............

Monday, July 15, 2013

ချစ်သူရဲ့ရင်ခုန်သံ


ရင်ခွင်က အရိုင်းဆန်နေတော့ရင်ခုန်သံ ခပ်ဆန်းဆန်းကို နားလည်ဖို့ကြိုးစားရင်းခပ်တန်းတန်းနေခဲ့ ဖူးတဲ့ လောကကြီးကိုတောင်ကဗျာတစ်ပုဒ် လုပ်လိုက်ချင်တယ်။

ခပ်လေးလေး သွားနေတဲ့  နာရီလက်တံတွေသူတို့ရဲ့ ရွေ့လျားမှုတိုင်းမှာအိမ်မက်တွေကို ရင်းနှီးထားခဲ့တယ်။အလှမ်းဝေးတဲ့ ရက်စွဲတွေရင်ဘက်ကို တဖြည်းဖြည်းရိုက် ခတ်လို့နှလုံးသားလေးလည်း မော ဟိုက်နေပါပြီ။ကောင်ကင်ကြီးကတော့ ကိုယ့် အစားငိုးကြွေးလို့ဒလိမ့်ခေါက်ကွေး ကျဆင်းလာတဲ့မိုးစက်တွေရဲ့ ငိုသံတွေဟာ ကျယ်လောင်နေတယ်။ဘာမှမမက်မောပါဘူးကွယ်......။မနက်ဖြန်ရဲ့ နေ့သစ်တိုင်းမှာ                 အပြစ်ကင်းစင်တဲ့ . ချစ်သူရဲ့ ရင်ခုန်သံကိုသာ  နားထောင်ချင်မိတော့တယ်ကွယ်။

Reactions:

0 comments:

Post a Comment